Sunday, May 22, 2011

Post သုံးခုလောက်ဖတ်အပြီး...

ကျွန်တော် အခု ဒီ ဘလော့ ကိုရေးရင်းနဲ့ messengerforbuddhist ရဲ့ ဘလော့ကိုလည်း ဖတ်နေပါတယ်။
ပို့စ် သုံးခုလောက်ဖတ်ကြည့်လိုက်တော့ သူ့စိတ်သဘောထားကို သိလာတယ်။
ဗုဒ္ဓဘာသာကို တစ်ဖက်စောင်းနင်း တိုက်ခိုက်နေတာ အသိသာကြီးပါလား..?
ခေါင်းစဉ်တော်တော်များများကလည်း လမ်းဘေးစကားကြီး နဲ့ ရှက်ရကောင်းမှန်းမသိအောင်ကိုဖြစ်နေတာပါလား..။
အေးပေါ့ဗျာ ... ယိုသူမရှက် မြင်သူရှက်တဲ့။
ကျွန်တော်ကတော့ တန်ပြန်အနေနဲ့ ခင်ဗျားကိုးကွယ်တဲ့ ဘာသာကို မတိုက်ခိုက်ပါဘူး။
ဘာသာတိုင်းကို လေးစားပါတယ်။
ဘာသာခြားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိသည့်တိုင်အောင် တစ်ခြားဘာသာတွေ သိက္ခာကျအောင် ကျွန်တော်မလုပ်ပါဘူး။
ကျွန်တော်လည်း အားတဲ့အချိန် အဲဒီ ခေါင်းစဉ်နဲ့ ပတ်သက်သမျှကို ကျွန်တော့်အမြင်နဲ့ ဖြေရှင်းချက်တွေရေးပါဦးမယ်။
ကျွန်တော်လည်း ဒီ ဘလော့ မှာ သူမေးခွန်းအချို့ကို ဖြေရင်း ဗုဒ္ဓဘာသာဝင်တွေအတွက် အလင်းရောင်ပေးနိုင်ပါစေ...။
ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ လည်း  ရှေ့ဆက်ပြီး ဆောင်းပါးတွေထပ်ရေးသွားပါရစေ..။

1 comment:

  1. တန်ပြန်တဲ့အနေနဲ့ ခင်ဗျားကိုးကွယ်တဲ့ဘာသာကို မတိုက်ခိုက်ပါဘူးလို့ ပြောထားပီး ဖြေရှင်းချက်တွေမှာ အခြားဘာသာတွေကို တိုက်ခိုက်စော်ကားထားပါလားဟ..အပြောနဲ့အလုပ် မညီတာ မင်းတို့ဗုဒ္ဓဘာသာတွေရဲ့ မွေးရာပါဗီဇ.ထင်တယ်နော်..အရှက်တော့ ရှိပါဦးကွာ။

    ReplyDelete