Wednesday, January 2, 2013

ဖြေရှင်းချက် (၂)

အခုဖြေရှင်းမယ့် ခေါင်းစဉ်ကတော့ " သန်းရွှေ နှင့် ဂေါတမ .. လုပ်တာမဟုတ် မဟုတ်တာလုပ်"

 ခေါင်းစဉ် ကိုဖတ်ကြည့်တာနဲ့ သူ့ရည်ရွယ်ချက်ကို ချက်ချင်းမြင်တယ်။
ကျွန်တော်တို့ မြန်မာပြည်မှာက စစ်အစိုးရကို ပြည်သူအများစုက မုန်းကြ တယ်။

ဒါကို သိတဲ့ messengerforbuddhist ရေးသူက ဦးသန်းရွှေ နာမည် နဲ့ ဗုဒ္ဓနာမည်ကို ယှဉ်တွဲ အသုံးပြုမယ် ဥပမာပေးမယ် ၀ါဒတူတယ်ဆိုပြီး မဆိုင်တာကို ဆိုင်အောင် အတင်းလုပ်ယူ ထားတာဖြစ်တယ်။
ဦးသန်းရွှေကို  မုန်းသလို ဗုဒ္ဓကို မုန်းအောင် တစ်ဖက်စောင်းနင်း အပြစ်ပြရေးသားထားတဲ့ အရေးသားမျိုးပါ။

--------------------------------------------------------------------------------------------------------------

Messengerforbuddhist : (original post ) ရဲဘော်တို့ဒီနေ့ဟာ နေ့ထူးနေမြတ်ဖြစ်တယ်....ဘာကြောင့်လဲဆိုရင် ရဲဘော်တို့ဟာရဲဘော်တို့ဖြစ်တယ်.....(ဒီနေ့ဟာနေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုလို့ ဘာများဆက်ပြောမလဲလို့နားထောင်ကောင်းနေတာ ဘိုးဘိုးရယ်..... အဲဒီလောက်ထိလူတွေမတွေးနိုင်တဲ့စကားတွေ မပြောနဲ့လေဗျာ ဟားဟား)
ပုံ ဦးသန်းရွှေ (ဆရာတပည့်တော်တွေ လေသံကတစ်ပုံစံတည်း ခပ်တုံးတုံးလေသံတွေ)

Me : 
ဒီစကားကို ဖတ်ကြည့်တော့ ဦးသန်းရွှေပြောတာမမှားပါဘူး
ဦးသန်းရွှေ ပြောသလိုပဲ .. ခရစ်ယာန်မှ ယေရှု.. မူစလင်မှ အလ္လာ အရှင်မြတ်တို့ဟာ လည်း အဲလိုပြောခဲ့ကြတာပဲ။ ပြောခဲ့ကြတဲ့ စကားက တစ်ပုံစံတည်းပါ.. အခြေနေပဲနဲနဲကွဲတယ်။


လူတစ်ယောက်က ဖန်ဆင်းရှင်ကို မေးတယ်။

လူတစ်ယောက် -  သင်ဟာဘယ်သူလဲ..?
ဖန်ဆင်းရှင် - ငါဟာ ငါပါပဲ။ ငါဘုရားဟာ ဘုရားပါပဲ။ I'm that I'm တဲ့။


ဒီစကား ဟာ ရယ်စရာကောင်းသလား... လှောင်ပြောင်စရာသက်သက်ပဲလား ?
စကားရဲ့ အတိမ်အနက်ကို မသိပဲ လှောင်ပြောင်တာကရော ရှက်စရာမကောင်းဘူးလား ?



 ---------------------------------------------------------------------------------------------------------------

Messengerforbuddhist : (original post ) 
လူဟာသေရမယ် နာရမယ် အိုရမယ် (ဟုတ်ပါတယ် အစကကျတော်တို့ကသေရမှာနာရမှာအိုရမှာ မသိရှာတဲ့လူတွေဆိုတော့လေ ... .....ဟိုအပြစ်တင် ဒီအပြစ်တင် စကားလုံးများက မွဲပြာပုဆိုးများ...)
ပုံ ဒေါ်ဂေါတာမ (ဆရာကလည်း ခပ်ကြောင်ကြောင်သွန်သင်တော့ တပည်ကလည်း မှားပြီပေါ့)

Me :

ဒါလည်း ရယ်စရာမဟုတ်ပါဘူး။
သိရုံသိပြီး မေ့လို့မဖြစ်တဲ့အရာတွေလောကကြီးမှာ အများကြီးပါပဲ။
ခင်ဗျားဟာ နိုင်ငံသားကောင်းတစ်ယောက်ဆိုရင် ကိုယ့်နိုင်ငံလွတ်လပ်ရေးနေ့ကို သိရပါမယ်။
ဒါပေမယ့် သိတော့ သိတယ်.. မေ့နေရင်ရော ? ဖြစ်သင့်သလား ?
မိဘကျေးဇူးကို သိတတ်တယ်တော့ပြောပါတယ်... ကျေးဇူးဆပ်ဖို့မေ့နေရင်ရော...?
လူတွေက အိုရ နာရ သေရ မှာကို မသိတာမဟုတ်ဘူး.. သိပါတယ်။
ဒါပေမယ့် သိပြီး မေ့လျောနေကြတယ်။
အိုရ နာရ သေရမှာကို မေ့နေတဲ့အတွက်ကြောင့်လည်း အတ္တကြီး ကြတယ်။
အကုသိုလ်တွေကို လုပ်မိရင်တောင် အမှားမပြင်ဘဲ ထပ်ခါထပ်ခါ လုပ်ကြတယ်။
ဒါကို ဗုဒ္ဓက အလိမ္မာသုံးပြီး ဆုံးမထားတာ။
ဆုံးမစကားက တိုတိုနဲ့ လိုရင်းဖြစ်တဲ့အတွက် လေးနက်တယ်။
အေး.. လေးနက်တယ်ဆိုပေမယ့် ဗုဒ္ဓရဲ့ အဆုံးမက ဘာကို ဆိုလိုတယ်ဆိုတာ ကလေးတောင်သိပါတယ်။


Messengerforbuddhist  ပြောတဲ့ စကားလုံးတိုင်းကို ကျွန်တော် ဖြေရှင်းဖို့ အချိန်မရှိတဲ့အတွက် တိုတို
နဲ့လိုရင်းပြောလိုက်ပါရစေ။
စကားဆိုတာ အတိမ်အနက် ရှိပါတယ်။ နက်နဲတဲ့ ဆိုလိုရင်းပျောက်အောင် ပေါ့ပျက်ပျက်မလုပ်ပါနဲ့။
လျာအရိုးမရှိတိုင်း ပြောမယ်ဆိုရင် ဘာသာတွေ တစ်ခုစီက ဘုရားတိုင်းကို ခွေးဖြစ်အောင်ပြောလို့ရတယ်။
ဘာသာတစ်ခုရဲ့ တန်ဖိုးထား အလေးနက်ထားတာကို ပေါ့ပျက်ပျက် ပျက်ရယ်ပြုတာ အရမ်းလွယ်ပါတယ်။

Messengerforbuddhist ရေးသားသူ ကို တစ်ခုပဲပြန်မေးပါရစေ...
ခင်ဗျား လေးစားမှု့ အရိုသေရှိ မှု့ ဆိုတဲ့ စကားကို နားလည်ပါသလား ???
လေးစားမှု့ အရိုသေပြုမှု့ဆိုတာ ယဉ်ကျေးမှု့ရှိတဲ့ နိုင်ငံ နဲ့ အထက်တန်းကျတဲ့ လူတွေဆီမှာပဲရှိတာပါ။

ကျွန်တော်မေးတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ်ပြန်မေးပါ။ အဖြေမထွက်မချင်း မေးနေပါ။
အဖြေထွက်ရင်တော့ Messengerforbuddhist  ရေးသူအနေနဲ့ တိုးတက်လာပြီလို့ပြောလို့ရပါတယ်။

Sunday, May 22, 2011

Post သုံးခုလောက်ဖတ်အပြီး...

ကျွန်တော် အခု ဒီ ဘလော့ ကိုရေးရင်းနဲ့ messengerforbuddhist ရဲ့ ဘလော့ကိုလည်း ဖတ်နေပါတယ်။
ပို့စ် သုံးခုလောက်ဖတ်ကြည့်လိုက်တော့ သူ့စိတ်သဘောထားကို သိလာတယ်။
ဗုဒ္ဓဘာသာကို တစ်ဖက်စောင်းနင်း တိုက်ခိုက်နေတာ အသိသာကြီးပါလား..?
ခေါင်းစဉ်တော်တော်များများကလည်း လမ်းဘေးစကားကြီး နဲ့ ရှက်ရကောင်းမှန်းမသိအောင်ကိုဖြစ်နေတာပါလား..။
အေးပေါ့ဗျာ ... ယိုသူမရှက် မြင်သူရှက်တဲ့။
ကျွန်တော်ကတော့ တန်ပြန်အနေနဲ့ ခင်ဗျားကိုးကွယ်တဲ့ ဘာသာကို မတိုက်ခိုက်ပါဘူး။
ဘာသာတိုင်းကို လေးစားပါတယ်။
ဘာသာခြားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိသည့်တိုင်အောင် တစ်ခြားဘာသာတွေ သိက္ခာကျအောင် ကျွန်တော်မလုပ်ပါဘူး။
ကျွန်တော်လည်း အားတဲ့အချိန် အဲဒီ ခေါင်းစဉ်နဲ့ ပတ်သက်သမျှကို ကျွန်တော့်အမြင်နဲ့ ဖြေရှင်းချက်တွေရေးပါဦးမယ်။
ကျွန်တော်လည်း ဒီ ဘလော့ မှာ သူမေးခွန်းအချို့ကို ဖြေရင်း ဗုဒ္ဓဘာသာဝင်တွေအတွက် အလင်းရောင်ပေးနိုင်ပါစေ...။
ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ လည်း  ရှေ့ဆက်ပြီး ဆောင်းပါးတွေထပ်ရေးသွားပါရစေ..။

ဗုဒ္ဓဘာသာဆိုတာ ဘာလဲဟေ့ !!

(မေး)သိုmessengerforbuddhist ဘလော့ဂါလေးရေ ဗုဒ္ဓဘာသာကိုဆိုတာဘာလဲ... ဆိုတာကို သိပါသလား..?
(ဖြေ)ဗုဒ္ဓဘာသာဆိုတာ...
ခင်ဗျားတို့ မူစလင်ဘာသာအကြီးကဲ ခေါင်းဆောင်တွေမှ မဟုတ်ပါဘူး... ဘာသာအသီးသီးရဲ့
ခေါင်းဆောင်တွေကိုယ်တိုင်က ဘာသာအားလုံးကို အတွင်းကျကျလေ့လာပြီး
ဘယ်ဘာသာအကောင်းဆုံးလည်း ဆိုတာကို ၂၀၁၀ မှာ မဲခွဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အဲဒီလို မှန်မှန်ကန်ကန် မဲခွဲ ဆုံးဖြတ်ရာမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ မဲ
ရေ အများဆုံး နဲ့ အကောင်းဆုံး ရရှိခဲ့ပါတယ်။
ဒါကို လူတော်တော်များများ သိပြီးဖြစ်ပါတယ်။
အဲဒီတော့ ကမ္ဘာက အသိမှတ်ပြုထားတဲ့ ဘာသာရေးခေါင်းဆောင်တွေအားလုံး
အသိမှတ်ပြုထားတဲ့ ဗုဒ္ဓဘာသာကို ဘာကြောင့်များ ပုတ်ခတ်ပြောဆိုချင်တာလဲ..?
စာဖတ်အားနည်း လေ့လာအားနည်းသော ဥာဏ်ငမွဲ တစ်ယောက်အနေနဲ့ ခုလို ပုတ်ခတ်ပြောဆိုနေတာကိုရော လူတွေက လက်ခံကြမယ်ထင်နေသလား..?

ကျွန်တော်တို့ သက်တော်ထင်ရှားဘုရား ဂေါတမ ရှိနေရင်လည်း အဲဒီ messengerforbuddhist ကုလားလေးကို
အပြစ်ယူမှာမဟုတ်ပါဘူး..
သို့သော်.. ကျွန်တော့်အနေနဲ့ သူ့မေးခွန်း တစ်ချို့ကို ဖြေရှင်းရင်းဖြင့် မိမိ ကိုးကွယ်တဲ့  ဘာသာအကြောင်း ပိုမို လေ့လာဖြစ် စဉ်းစားဖြစ်ပြီး ဖြေရှင်းချက် အချို့ကို အလျင်းသင့်သလို ရေးပေးသွားမှာပါ။

တစ်ခုတော့ရှိပါတယ်...
ယုတ္တိရှိတဲ့ မေးခွန်းမျိုးကို သာ ဖြေမှာဖြစ်ပါတယ်။
စည်းလွတ် ဘောင်ကျော်တွေးခေါ်ပြီးမေးတဲ့မေးခွန်း...
ဖြေရခက်ပြီး အကျိုးမရှိတဲ့မေးခွန်း... 

ဥပမာ - ကြက်ဥ နဲ့ ကြက်မ ဘယ်ဟာ အရင်ဖြစ်ပေါ်လာသလဲ ?
ဒီလို မေးခွန်းကိုတော့ လုံးဝ အချိန်ကုန်ခံမဖြေပါဘူး။


ပြီးတော့...
ကျွန်တော် ရေးသော post များသည် ဘယ်ဘာသာကို မျှ ထိခိုက်စေလိုခြင်းမဟုတ်သလို... ပုဂ္ဂိုလ်ရေးအရာ တိုက်ခိုက်ခြင်းမျိုးလည်း မဟုတ်ပါ။
ထို့အပြင် ကျွန်တော်ရေးထားသော post များကို ဘာသာခြားတစ်ယောက်က ဖတ်ပြီး ဗုဒ္ဓဘာသာပြောင်းပါစေ ဆိုတဲ့ ရည်ရွယ်ချက်မျိုး ကျွန်တော့်မှာ လုံးဝမရှိပါဘူး။

တကယ်လို့ ပြောင်းလဲမှု့ရှိခဲ့ရင်လည်း ဟိုဘာသာက နေ ဒီဘာသာ ဟို အယူဝါဒကနေ ဒီအယူဝါဒ ပြောင်းလဲခြင်းမျိုးမဟုတ်ပဲ၊ အမှားမှ အမှန် ၊အမှောင် မှ
အလင်းသို့ ပြောင်းလဲခြင်းမျိုးပဲဖြစ်ပါစေ..။

ဖြေရှင်းချက် (၁)

ကျွန်တော် အခု ဖြေကြားမှာကတော့...
ဘုရားနှင့် ကုလား မရောစေရန် (သို့) ဘုရားက ဘုရား၊ ကုလားက ကုလား ဆိုတဲ့ ခေါင်းစဉ်ပါ။

ပထမ ဦးစွာပြောချင်တာကတော့.... ဒီ မူစလင်ကုလားက ဘာနဲ့တူလဲဆိုတော့ နွားခြေရာခွက်ထဲက ဖားသူငယ်နဲ့တူပါတယ်။
စာလေး မဖြစ်စလောက် ဖတ်ပြီး ဆိုလိုရင်းကို နားမလည်ပဲ သူအတွေးပေါက်တာတွေကို
အရှက်မဲ့စွာရေးထားခြင်းဖြစ်ပါတယ်။
အဲဒါကြောင့် စာ တွေ ပညာတွေဆိုတာ နဲနဲ တတ်တာထက် ဘာမှမတတ်တာက
ပိုကောင်းပါတယ်...
 စာလေး ရေးတတ်ဖတ်တတ်တာလောက်နဲ့ ဘလော့တွေမှာ ခုလို
ရေးနေခြင်းဟာ သူ့ရဲ့ ဥာဏ်မရှိမှု့ကို ဖော်ပြနေပါတယ်။
ကျွန်တော် အဲဒီ ကုလားကို မေးချင်တယ်... နိဗ္ဗာန်ဆိုတာဘာလဲ..?
နိဗ္ဗာန် ဆိုတာ ဘယ်တော့ မှ သေဆုံးခြင်း မရှိတဲ့နေရာပါ။
ဂေါတမ မှမဟုတ်ပါဘူး... ဗုဒ္ဓ မြတ်စွာဘုရားအားလုံးဟာ...
သေဆုံးသွားခြင်းမဟုတ်ပါဘူး..။ လူ့ဘ၀ မှာ သေဆုံးသွားပေမယ့် ဂေါတမ ဟာ
ဘယ်တော့မှ မသေတဲ့ နိဗ္ဗာန်မှာ ရှိနေပါတယ်။ အခု လူ့ဘ၀ မှာ ဂေါတမ ကို
အကောင်အထည်မမြင်ရပေမယ့် နိဗ္ဗာန်မှာတော့ အမြဲရှိနေပါတယ်။
ဗုဒ္ဓဘာသာ မှမဟုတ်ပါဘူး...
ခရစ်ယာဉ် ဘာသာဖြစ်တဲ့ ယေရှု...
မူစလင်ဘာသာဖြစ်တဲ့အလ္လာဟ်ရှင်ြ
မတ်...
အခုသက်ရှိထင်ရှားရှိလား...?
အခုလူ့ဘ၀ နဲ့ အသက်ရှိထင်ရှားမရှိဘူးဆိုတာနဲ့ တကယ်မရှိဘူး သေပြီလို့ရော
ပြောနိုင်ပါသလား..?

ဒါဆို အဲဒီဘာသာအသီးသီးရဲ့ ဖန်ဆင်းရှင်ဘုရားတွေက သေကုန်လို့လား..?
ဘယ်ဘာသာမှာ မဆို ဘုရားရှင် က မသေတဲ့ ဘုံ (နေရာ) မှာ ထာဝရတည်နေသလို
ကျွန်တော်တို့ ဗုဒ္ဓဟာလည်း ဘယ်တော့မှ သေဆုံးခြင်းမရှိတဲ့ နိဗ္ဗာန်မှာ
ထာဝရတည်ရှိပါတယ်။
ဒါကို ဘယ်သူ မဆို နားလည်ပါတယ်။ ဒါပေမယ့် ဥာဏ်မရှိတဲ့ ကုလားကတော့ နားမလည်ရှာပါဘူး။
အခု သူမေးတဲ့ မေးခွန်းကိုလည်းပြန်ဖြေပေးလိုက်ပါတယ်။

ဥာဏ်မရှိသောကုလား --- (၁) လူတွေအားလုံးဟာ ဘုရားကို ဘာကြောင့် ကိုးကွယ်ကြပါသလဲ.....?
ကျွန်တော် --- ဘ၀ရဲ့ ဒုက္ခတွေကို ကယ်တင်ပေးနိုင်လို့ ဘုရားကို
ကိုးကွယ်ပါတယ်။ ဘယ်တော့မှ မသေခြင်းနေရာကို ခေါ်ဆောင်ပေးနိုင်
လမ်းပြနိုင်လို့ ဘုရားကို ကိုးကွယ်ပါတယ်။ လူသားတွေရဲ့ အားကိုးရာ အားထားရာ
မို့ ကိုးကွယ်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။
အားကိုးခြင်းဆို တာ ဖန်ဆင်းရှင်ဖြစ်မှ အားကိုးတာမဟုတ်ပါဘူး။
ဘ၀ တစ်ခုလုံးအတွက် အကျိုးကြီးမားစွား ပြုပေးနိုင်တဲ့ အားကိုးစရာ၊
ကိုးကွယ်စရာ မှန်သမျှ ဘုရားပါပဲ။
ဥပမာ - ကျွန်တော့်အဖေဟာ ကျွန်တော့်အတွက် အားကိုးရာဖြစ်လို့
ကျွန်တော့်အတွက်တော့ ဘုရားပါပဲ။ ကျွန်တော့်ညီအတွက်လည်း အားကိုးထိုက်လို့
ကျွန်တော့်ညီအတွက်လည်း ဘုရားပါပဲ။
အဲဒီလိုပဲ လူသားတွေ အားလုံး အားကိုးထိုက်တဲ့လူကိုလည်း ဘုရားလို့
ပြောဆိုခြင်း ကိုးကွယ်ခြင်းဟာလည်း သဘာဝ ကျပါတယ်။
ပြီးတော့ အဲဒီ မူစလင်ကုလားကိုလည်း မေးချင်တယ်။

ဖန်ဆင်းရှင် တကယ်ရှိတယ်ဆိုတာ မင်းကို ဘယ်အရူးက ပြောလိုက်တာလဲ?
မင်း အဖေ နဲ့ မင်းအမေကြောင့် မင်း လူဖြစ်တာလား..?
ဖန်ဆင်းရှင်က ဖန်ဆင်းလို့ မင်းလူဖြစ်နေတာလား...?
ဖန်ဆင်းရှင်က တကယ်ရှိတယ် ထားဦး... ဖန်ဆင်းရှင် က ကမ္ဘာကြီးကို
အမှန်တကယ်ပဲ ဖန်ဆင်းခဲ့တဲ့ထားဦး...
အိုဗျာ...ကုန်ကုန်ပြောရရင် ဖြစ်သမျှ အရာအားလုံး သူဖန်ဆင်းခဲ့တာဆိုရင်...
အခုလောကကြီး မှာ ဖြစ်နေတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရောဖန်ဆင်းရှင်က
ဖန်ဆင်းတာလား... နာဂစ်တွေ ဆူနာမီ တွေရော ဖန်ဆင်းရှင်ကပဲ
ဖန်ဆင်းတာပဲလား...
နာဂစ်တွေ ဆူနာမီတွေကြောင့် အပြစ်မရှိတဲ့ လူတွေသေကြေခဲ့တာကရော
ဖန်ဆင်းရှင်လုပ်တာပဲလား... ဒါဆို ဖန်ဆင်းရှင်က လူသတ်သမားလား..?
ဒါမှမဟုတ် အဲဒီဖန်ဆင်းရှင်က အားအားယားယား ဖန်ဆင်းလိုက်
ဖျက်ဆီးလိုက်လုပ်နေတဲ့ ကလေး မသာလေးလား...?
သူလုပ်တိုင်း ကျွန်တော်တို့လူသားတွေက ခံနေရမှာလား...?
လူသားတွေကို ကယ်တင်ဖို့ နေနေသာသာ ဒီလို ဒုက္ခပေးနေတဲ့ ဖန်ဆင်းရှင်ကိုရော
ဘုရားလို့ အားကိုးသင့်လား..?

တကယ်လို့ ဖန်ဆင်းရှင်သာ ရှိမယ်ဆိုရင်တောင် အဲဒီလူတွေကို ဒုက္ခပေးနေတဲ့
ဖန်ဆင်းရှင်ကို ကျွန်တော်ကိုယ်တိုင် အမှုန့်ခြေပစ်မှာပါ။
တကယ်တော့ လောကကြီးမှာ ဖြစ်နေတဲ့အရာတွေက သူ့သဘာဝနဲ့သူဖြစ်နေတာပါ။
ချိုတဲ့အရာက ချိုတယ်... ခါးတဲ့အရာက ခါးတယ်။ ဒါသဘာဝပါ။ ဘယ်ဖန်ဆင်းရှင်က မှ
လုပ်ယူဖန်ဆင်းထားခြင်းမဟုတ်ပါဘူး။ စိတ်ကူးယဉ်မှု့ကို ခဏမေ့ထားပြီး သေချာ
လက်တွေ့ကျကျ စဉ်းစားပါ။
လူတစ်ယောက် ချိုတဲ့ အပင်ကို စိုက်ရင် ချိုတဲ့အသီးကိုစားရမှာပါ။
ခါးတဲ့အပင်ကို စိုက်ရင် ခါးတဲ့အသီးကိုစားရမှာပါ။
ဒါသဘာဝပါ။
တကယ်လို့သာ ဖန်ဆင်းရှင်က ဖန်ဆင်းတာမှန်ရင်  ခင်ဗျား
တမာပင်ခါးခါးစိုက်ပြီး သရက်သီးချိုချိုလေး အပင်မှာ သီးလာအောင် ဖန်ဆင်းရှင်ဆီ
ဆုတောင်းလေ... ရသလား..? စဉ်းစား?
တမာပင်ခါးခါးစိုက်ရင် တမာရွက်ခါးခါးပဲရမယ်။
ဘယ်ဖန်ဆင်းရှင်ကို ဆုတောင်းဆုတောင်း၊ ဘယ် တန်ခိုးရှင်
ကိုဆုတောင်းဆုတောင်း၊ ဘယ်နတ်တွေကို ဆုတောင်းဆုတောင်း မရပါဘူး။
ကျွန်တော် တို့ ဗုဒ္ဓကလည်း သူ့ကို ကိုယ်တိုင်ဘာမျှ မကြိုးစားဘဲ
ဆုတောင်းမှု့ ပြုနေရုံနဲ့မရဘူးလို့ ပွင့်ပွင့်လင်းလင်းဆုံးမပြီး
အမှန်တိုင်းလမ်းပြခဲ့ပါတယ်။
(ဖန်ဆင်းရှင် ၀ါဒ လို ဘာမှမကြိုးစားလည်း
ငါဘုရားကိုသာဆုတောင်းအားလုံးပြည့်စုံမယ် လို့ မပြောပါဘူး)
အဲဒီလို အမှန်ကို ပြောပြခြင်း လမ်းပြခြင်းကို က ကယ်တင်ခြင်းလို့ ခေါ်နိုင်ပါတယ်။
တကယ်လို့သာ လောကကြီးမှာ မကြိုစားဘဲ ဖန်ဆင်းရှင်ကို ဆုတောင်းပြီး
ပြည့်စုံနေရင် လောကကြီးဟာ အခုလို တိုးတက်နေမှာမဟုတ်ပါဘူး...
အပျင်းသမားတွေနဲ့ပဲ ပြည့်နေမှာပါ။ လောကကြီးတိုးတက်တယ်ဆိုတာ
လူသားတွေကြိုးစားလို့ပါ။ ဆုတောင်းလို့မဟုတ်ပါဘူး။ ဆုတောင်းခြင်းဆိုတာ
စိတ်ကို ခွန်အားဖြစ်ရုံသက်သက်ပါပဲ။
ဒါပေမယ့် ကြိုးစားတယ် ဆုတောင်းတယ်ဆိုရင်တော့ ဆုတောင်းတဲ့အတိုင်းဖြစ်လာနိုင်ပါတယ်။
ပြီးတော့ မူစလင်ကုလားရေးထားတာတွေကို ဖတ်ရတာ ပေါ့ပျက်ပျက်နိုင်လွန်းပါတယ်။
စေတနာများစွာဖြင့်...
ဗုဒ္ဓဧ။်သားတော် တစ်ပါး..။

မိတ်ဆက်

ကျွန်တော် ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဒီ ဘလော့ ကလည်း ဗုဒ္ဓဘာသာဝင် ကို စော်ကားနေတဲ့ ဘလော့ ဖြစ်တဲ့ http://messengerforbuddhist.blogspot.com က မေးတဲ့ မေးခွန်း တွေကို ပြန်လည် ဖြေကြားခြင်း ဖြေရှင်းခြင်း ပြုလုပ်ပေးမယ့် ဘလော့ပါ။

ရှေးဦးစွာ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးလည်း မဟုတ် သလို ကိုရင်လည်း မဟုတ်ပါဘူး... သို့ပေမယ့် ဗုဒ္ဓဘာသာကို မိရိုးဖလာကိုးကွယ်သူတော့မဟုတ်တဲ့ကြောင်း ကြိုတင်အသိပေးပါရစေ..။


ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ဘလော့ အကြောင်းဖတ်မိပုံ

ပထမဆုံး ကျွန်တော် http://messengerforbuddhist.blogspot.com အကြေင်းကို မေးလ်ထဲကနေ ဖတ်မိတာပါ။ နောက် အဲဒီ messengerforbuddhist (ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်) ဘလော့ကို သွားဖတ်တော့ ရေးထားတာတွေက များလွန်းအားကြီးလို့ ဘယ်က စဖတ်ရမှန်းမသိဖြစ်မိတယ်။ ကျွန်တော် အားတဲ့အချိန် ဖြည်းဖြည်းချင်း ဖတ်ရင်းနဲ့ အဲဒီဘလော့ ကရေးထားမေးထားတာတွေကို ကျွန်တော် သိသမျှ ဖြေကြားပေးပါ့မယ်။


ကျွန်တော်က ဘုန်းကြီး မဟုတ်တဲ့အတွက် ပါဠိလိုတော့ မတတ်ပါဘူး။ ကျွန်တော် နားလည်သလို ဖြေမှာ ဖြစ်တဲ့အတွက် အမှားပါရင်လည်း ပါသွားမှာပါ။
ပြီးတော့ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပဲ ဖြေမှာမဟုတ်ပါဘူး... ကျွန်တော်က ကျွန်တော့်ဥာဏ်အား လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်အား နဲ့  အမှန်တရား ကိုပဲ ဦးစားပေးဖြေမှာပါ။ ကျွန်တော့အဖြေမှာ လိုအပ်မှု့တွေလည်း ရှိနိုင်ပါတယ်။