Sunday, May 22, 2011

မိတ်ဆက်

ကျွန်တော် ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဒီ ဘလော့ ကလည်း ဗုဒ္ဓဘာသာဝင် ကို စော်ကားနေတဲ့ ဘလော့ ဖြစ်တဲ့ http://messengerforbuddhist.blogspot.com က မေးတဲ့ မေးခွန်း တွေကို ပြန်လည် ဖြေကြားခြင်း ဖြေရှင်းခြင်း ပြုလုပ်ပေးမယ့် ဘလော့ပါ။

ရှေးဦးစွာ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးလည်း မဟုတ် သလို ကိုရင်လည်း မဟုတ်ပါဘူး... သို့ပေမယ့် ဗုဒ္ဓဘာသာကို မိရိုးဖလာကိုးကွယ်သူတော့မဟုတ်တဲ့ကြောင်း ကြိုတင်အသိပေးပါရစေ..။


ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ဘလော့ အကြောင်းဖတ်မိပုံ

ပထမဆုံး ကျွန်တော် http://messengerforbuddhist.blogspot.com အကြေင်းကို မေးလ်ထဲကနေ ဖတ်မိတာပါ။ နောက် အဲဒီ messengerforbuddhist (ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်) ဘလော့ကို သွားဖတ်တော့ ရေးထားတာတွေက များလွန်းအားကြီးလို့ ဘယ်က စဖတ်ရမှန်းမသိဖြစ်မိတယ်။ ကျွန်တော် အားတဲ့အချိန် ဖြည်းဖြည်းချင်း ဖတ်ရင်းနဲ့ အဲဒီဘလော့ ကရေးထားမေးထားတာတွေကို ကျွန်တော် သိသမျှ ဖြေကြားပေးပါ့မယ်။


ကျွန်တော်က ဘုန်းကြီး မဟုတ်တဲ့အတွက် ပါဠိလိုတော့ မတတ်ပါဘူး။ ကျွန်တော် နားလည်သလို ဖြေမှာ ဖြစ်တဲ့အတွက် အမှားပါရင်လည်း ပါသွားမှာပါ။
ပြီးတော့ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပဲ ဖြေမှာမဟုတ်ပါဘူး... ကျွန်တော်က ကျွန်တော့်ဥာဏ်အား လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်အား နဲ့  အမှန်တရား ကိုပဲ ဦးစားပေးဖြေမှာပါ။ ကျွန်တော့အဖြေမှာ လိုအပ်မှု့တွေလည်း ရှိနိုင်ပါတယ်။

No comments:

Post a Comment